ကျွန်တော် မမြင်ဘူးတဲ့ ဗမာ့တပ်မတော်… Saturday, Jun 13 2009 

မန်းလေးအနှစ်(၁၅၀)ပြည့် ဖွင့်ပွဲအခမ်းအနားကို မစခင်ကတည်းက ကျွန်တော် တော်တော် စိတ်ဝင်စားခဲ့တယ်… ထွက်တော်မူကြီး.. ဘာညာပေါ့နော… မနက်ဖန်ဖွင့်ပွဲရောက်တော့မယ်… မင်းတုန်းမင်းကြေးရုပ်က ကော်ပတ်တိုက်လို့မပီးသေးဘူး… ဖွင့်ပွဲနေ့မှာတော့ မနက် ၆ နာရီလောက်ကတည်းက နေရာယူပီး စောင့်နေတယ်… ထွက်တော်မူကြီးကို ထွက်တော်မူလေးဖြစ်အောင်လုပ်ပီး အစဉ်အလာကြီးပါတယ်ဆိုတဲ့ ယဉ်ကျေးမှုမြို့တော်ရဲ့ မင်းခမ်းမင်းနားကို ကျွန်တော်တွေ့လိုက်သောအခါ …

.မန်းလေး အနှစ် ၁၅၀ ဖွင့်ပွဲမှ

မန်းလေးတောင်… မိုးရွာတဲ့ည… ရမ်အရက်နှစ်လုံး Friday, Jun 12 2009 

မန်းလေးတောင်မှာ ဓာတ်ပုံသွားရိုက်ဖြစ်တယ်… သခင်ကြီး၊ ကိုမောင်လှ၊ ညီမင်းစံ၊ ကိုရှုမောင် တို့နဲ့… တောင်ပေါ်မှာ DJ CLEAN တို့က ကလေးဖမ်းနေကြလေရဲ့… အဲ့ဒီညမှာ မိုးကအရမ်းသည်းတယ်… မိုးရွာထဲမှာဆိုတော့လူကအရမ်းချမ်းနေတယ်လေ…  နွေးထွေးအောင်တော့ လုပ်ပေးတဲ့သူတွေက လုပ်ပေးပါတယ်… စကားမစပ် … ကိုသခင်ကြီးက ရမ်အရက်တိုက်တယ်… စွမ်တန်ဟင်းရေနဲ့ပေါ့… ကျွန်တော့် ဖုန်းနဲ့ ကင်မရာကတော့ မိုးရေချိုးရင်း မနာလိုနေလေရဲ့…  :P

222

DSC_0099-Edit

နွေဦးရသ Wednesday, Dec 24 2008 

101

စာရေးဆရာ ဆူးငှက် နှင့် တွေ့ဆုံခြင်း Monday, Dec 1 2008 

ဧရာဝတီ | နိုဝင်ဘာ ၂၈၊ ၂၀၀၈

၂၀၀၇ ခုနှစ် အတွက် အမျိုးသား စာပေဆု ၀တ္ထုရှည် ဆုကို “တိမ်ယံ အိပ်မက် မိုးထက်နရီ” အမည်ရှိ ၀တ္ထုဖြင့် ဆုရရှိသူ ဆရာ ဆူးငှက်အား ယင်းဆုနှင့် ပတ်သက်ပြီး စာဖတ် ပရိသတ် အတွက် ဧရာဝတီက မေးမြန်း ဖော်ပြလိုက်ပါသည်။

မေး။ ။ ဆရာ ဒီဆုကို ဘာကြောင့် ရတယ်လို့ ထင်ပါသလဲ ။

ဖြေ။ ။ နည်းနည်းဖြေရ ခက်မယ် ထင်တယ်ဗျ၊ (ရယ်လျှက်) ၊ အဓိက ကတော့ ယဉ်ကျေးမှုနဲ့ ပတ်သက်တာပါပဲ၊ အမျိုးသား ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ကိစ္စပါ။

ဝတ္ထုက မန္တလေးမြို့မှာ စစ်ကြီးပြီးတဲ့ နောက်ပိုင်း ရတနာပုံ ခေတ်တုန်းက ထွန်းကားခဲ့တဲ့ ရိုးရာ ဂီတတွေနဲ့ စစ်ကြီး အပြီးမှာ နိုင်ငံခြားက ၀င်ရောက်လာတဲ့ အနောက် ဂီတတွေပေါ့ဗျာ၊ အနောက်တိုင်း တူရိယာတွေ၊ အဲဒါတွနဲ့ အဲဒါကို ဘယ်လို ပေါင်းစပ်ကြသလဲပေါ့ဗျာ၊ ဆရာ မြို့မငြိမ်းတို့ ဒါးတန်း ဦးသန့်တို့လို အဲဒီခေတ်က ခေတ်ပညာတတ် လူငယ်တွေကနေ တလျှောက်လုံးက မြန်မာ့ မဟာ ဂီတနဲ့ အရိုးစွဲလာ ခဲ့ကြတဲ့ အဲဒီသီချင်းတွေ အဲဒီတီးလုံး တွေကိုပဲ အဲဒီအချိန်မှာ ရောက်လာတဲ့ အနောက်တိုင်း တူရိယာ ပစ္စည်းတွေနဲ့ တီထွင် ပြီးတော့ တီးကြ မှုတ်ကြပြီးတော့ လူတွေကြား ရောက်သွားအောင် သူတို့ အခက်အခဲ တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ အဲဒါကို ဇာတ်အိမ်ဖွဲ့ ရေးထားတာပါ၊ အဲဒါကြောင့်လို့ ထင်ပါတယ်။

မေး။ ။ အခု ဆုရတဲ့ ၀တ္ထု အမည်ကို ဘာဖြစ်လို့ တိမ်ယံအိပ်မက် မိုးထက်နရီလို့ ပေးရတာပါလဲ။

ဖြေ။ ။ ၀တ္ထု အမည် တိမ်ယံအိပ်မက် မိုးထက်နရီလို့ ပေးထားတာက လူငယ်တွေမှာ များသောအားဖြင့် စိတ်ကူး စိတ်သန်းပေါ့၊ အဲဒီ အိပ်မက်ဟာ သိပ်ပြီး မြင့်မားတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီအချိန်မှာ အနောက်နိုင်ငံ တွေမှာ ဆင်ဖိုနီ အော်ခက်စ်ထရာ ၀ိုင်းကြီးတွေ ပေါ်နေပြီ၊ ထူးထူးခြားခြားကို ပေါ်နေပြီ၊ ပေါ်နေတဲ့ အချိန်မှာ ဗမာမှာတော့ မရှိသေးဘူး။

အဲဒီတော့ သူတို့ရဲ့ အိမ်မက်က ဒီဗမာမှာ ရှိထားတဲ့ မဟာဂီတမှာ လာတဲ့ အဖိုးတန်တဲ့ တေးသွားတွေကို အဲဒီလို အနောက်တိုင်း တူရိယာ ပစ္စည်းကြီးတွေနဲ့ ဆင်ဖိုနီ ၀ိုင်းကြီးတွေ လုပ်ပြမယ်ဆိုတဲ့ အိပ်မက်ပေါ့၊ အဲဒါ မြင့်မားတာ မို့လို့ တိမ်ယံ အိပ်မက်လို့ သုံးတာ၊ မိုးထက် နရီ ဆိုတာကတော့ အဲဒီအိပ်မက်ကို ဘယ်လို အကောင်အထည် ဖော်မလဲပေါ့၊ အကောင် အထည်ဖော်တဲ့ နေရာမှာ နရီ ဆိုတာ ဘာကို ပြောလဲဆိုတော့ ဗမာ့ဂီတမှာ စည်းဝါးမှာ သုံးတဲ့ အသုံးပေါ့၊ နရီတို့ ၀ါးလတ်တို့ ၀ါးပြေးတို့ ၊ နရီ ဆိုတာ အရိုးဆုံးနဲ့ ဖြည်းဖြည်း မှန်မှန်နဲ့ စည်းစနစ် အကျဆုံးပေါ့ဗျာ။

အဲဒီလို သူတို့ ရဲ့အိပ်မက်ကို အကောင်အထည်ဖော်တဲ့ အခါမှာ အရိုးသားဆုံးနဲ့ စည်းစနစ် အမှန်ဆုံး ၊ နောက် အိနြေ္ဒရရ ဒီဟာကို အကောင်အထည်ဖော်သွားကြတယ်၊ အဲဒါပါပဲ။

မေး။ ။ ဆရာ ဒီဝတ္ထုကို ဘာကြောင့် ရေးဖြစ်တာလဲ ဆိုတာပြောပေးပါဦး။

ဘာကြောင့်ရေးဖြစ်တာလဲ ဆိုတော့ ဒီနေ့အထိ ယဉ်ကျေးမှုရဲ့ အချိုးအကွေ့တိုင်း အချိုးအကွေ့တိုင်းမှာ ကျနော် တို့ ဘက်မှာ ကိုယ်ခံအားကောင်းတဲ့ ယဉ်ကျေးမှုတွေ အများကြီးရှိခဲ့တယ်ဗျ။ ပျူခေတ် ကတည်းကပေါ့ဗျာ၊ ဒါကို အဓိပ္ပာယ်ရှိစွာ အမြော်အမြင်ကြီးစွာနဲ့ ပေါင်းစပ်နိုင်တယ်ပေါ့ဗျာ၊ ခေတ်ကာလ အချိန်မှာလည်း အဘက်ဘက်က မီဒီယာအားကောင်းတာရော နည်းစစ် နည်းပညာတွေအားကောင်းတာရော ၊ ဒီလို အားကောင်းနေတဲ့ အချိန်မှာ ဒီထက်မက ပေါင်းစပ်နိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်။

ကျနော်တို့ အဲဒါကို ဒီနေ့ လူငယ်တွေဟာ သူတို့နဲ့ အနီးစပ်ဆုံးခေတ် ကမ္ဘာမှာ ဂျက်ဇ် ထွန်းကားနေတဲ့ အချိန်၊ တဘက်ကလည်း ကလပ်စစ် တွေနဲ့ ဆင်ဖိုနီ ၀ိုင်းကြီးတွေ တအား ထွန်းကားနေတဲ့ အချိန်၊ ဒီမှာ ဗမာ ဆိုင်းဝိုင်းနဲ့ ဗမာ တူရိယာ ပစ္စည်းနဲ့ ရှိနေတဲ့ ကာလ၊ သူတို့နဲ့ ခေတ်လူငယ်တွေနဲ့ အနီးစပ်ဆုံး နောက်ကြောင်း ပြန်လိုက်တဲ့ အခါမှာ အဲဒီကာလက အနီးစပ်ဆုံးကိုဗျာ။

အဲဒီကာလက ၁၉၂၅ မှ သည် ၁၉၅၀ ကျော် ၁၉၆၀ ၀န်းကျင်ကာလ အတွင်း ကြိုးစားခဲ့ကြတဲ့ ကိစ္စတွေကို ကျနော် ရေးဖြစ်တာပါ၊ အဲဒါကို ကျနော် ဥာဏ်စွမ်း ရှိသလောက် မန္တလေးက မြို့မ တူရိယာ အသင်းကြီးကို အခြေခံပြီး ဆရာငြိမ်း(မြို့မငြိမ်း)တို့၊ ဆရာသန့်(ဒါးတန်း ဦးသန့်)တို့ ဘယ်လိုလုပ်ခဲ့ကြသလဲ ဆိုတာကို ကျနော် လက်လှမ်းမီသရွေ့ ၀တ္ထုပုံစံ မျိုးဖွဲ့ပြီးတော့ အသိပေးတဲ့ သဘောပါပဲ။

ဒီစာအုပ်က မနှစ်က သြဂုတ်၊ စက်တင်ဘာလောက်က ထွက်တာပါ၊ စာအုပ် မထွက်ခင် ရွှေအမြုတေ မဂ္ဂဇင်းမှာ အခန်းဆက် အနေနဲ့ ကျနော် ၁၁ လ ရေးခဲ့ပါတယ်၊ မနှစ်က ရွှေအမြုတေရဲ့ အကြိုက်ဆုံး ၀တ္ထုရှည် ဆု ကိုလည်း ပေးခဲ့ဖူးပါတယ်။

မေး။ ။ နောက်ဆုံး တခုမေးပါရစေ၊ အခု ဆုရတဲ့ အပေါ်မှာ ဆရာ့ခံစားမှုကို ပြောပြပေးပါ။

ဖြေ။ ။ ၀မ်းသာပါတယ်ဗျာ ၊ ဘာပဲ ပြောပြော ကျနော့်ကို တကယ်တမ်း ဆူးငှက်အနေနဲ့ ဖြစ်သွားအောင် ပြုစုပျိုးထောင် ပေးခဲ့တာက လူထု ဒေါ်အမာကိုဗျ၊ ဒါပေမယ့်ဗျာ မနက်ဖြန်ဆိုရင် ဒေါ်ဒေါ်က ၉၃ နှစ် ပြည့်ပြီ၊ ဒီအချိန်မှာ မရှိ တော့ဘူး၊ အဲဒီ အတွက်ကတော့ စိတ်မကောင်းဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီဝတ္ထုကို သူဖတ်ပြီးတော့ သူ ကိုယ်တိုင် ကျနော့်ကို ခေါ်ပြီးတော့ ၀မ်းသာ စကားပြောဖူးတယ်၊ သူရေးစေချင်တဲ့ အကြောင်းအရာတွေကို၊ အဲဒါပါပဲ။

http://theirrawaddyburmese.blogspot.com/ မှ ကူးယူဖော်ပြသည်။

ဓလေ့ Saturday, Nov 8 2008 

14

မန်းလေးကို ဧည့်သည်တွေလာရင် မဖြစ်မနေ လိုက်ပို့ပေးရတဲ့ နေရာလေးတစ်ခု ရှိပါတယ်။ အဲ့ဒီနေရာက မန်းလေးမြို့မြောက်ဘက်မှာရှိတဲ့ ကြာနီကန်ရွာ သခင်မတောင်ရဲ့ အရှေ့ဘက်မှာပါ။ အိမ်ရှေ့မင်းထန်းတောလို့ခေါ်ပါတယ်။ မန်းလေးမြို့တည်မင်းတုန်းမင်းတရားကြီးရဲ့ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသား ပျိုးထောင်ခဲ့တဲ့ ထန်းတောပါ။ အေးအေးချမ်းချမ်းရှိပီး အနားယူလို့ ကောင်းတဲ့နေရာလေးပေါ့။ အခုခေတ်လူငယ်တွေက ဒီထန်းတောကို အိမ်ရှေ့မင်းသားကြီး သောက်စားပျော်ပါးရာနေရာလို့ ထင်မြင်ပြောဆိုနေကြပါတယ်။ ကျွန်တော်ဖတ်ဖူးမှတ်သားဘူးတာကတော့ မင်းတုန်းမင်းတရားကြီးရော ညီတော်ကနောင်မင်းသားပါ အသောက်အစားအပျော်အပါးကင်းရှင်းကြပါတယ်။ ဒီထန်းတောကို ပျိုးထောင်ရတာကလဲ ပထမဗမာနိုင်ငံတော်ကြီးထူထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးဟာ ရွာသူကြီး ဦးအောင်ဇေယျဘ၀က သူ့ရဲ့ရွာကို ထန်းလုံးကာခံတပ်အဖြစ် တည်ဆောက်ခဲ့ပီး အောင်မြင်မှုမြောက်များစွာ ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို အကြောင်းပြုပီး ကနောင်မင်းသားကြီးက ထန်းပင်ထင်းလုံးဟာ စစ်ရေးစစ်ရာအတွက် အကျိုးထူးများစွာ ရှိတယ်ဆိုပီး သခင်မတောင်ခြေမှာ ထန်းပင်များစွာကို ပျိုးထောင်ခဲ့တာပါ။ သူပျော်ပါးသောက်စားဖို့ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် ပျိုးထောင်ခဲ့တဲ့ ထန်းတောပါ။ အထက်ပါပုံကတော့ ရည်ရွယ်ချက်ကြီးမားစွာစိုက်ပျိုးထားတဲ့ ထန်းပင်က ထန်းရေကို မျက်မှောက်ခေတ်လူတွေသောက်သုံးပျော်ပါးဖို့အတွက် စီးပွားဖြစ်လုပ်နေတဲ့ထန်းတက်သမားကြီးက တက်ယူနေတာပါ။ အဲ့ဒီနေ့က ကျွန်တော်လဲ တော်တော်မူးခဲ့ပါတယ်။

Next Page »