တစ်နှစ်ကြီးသွားပြန်ပီကော…
တိုင်းပြည်နဲ့ လူမျိုးဆိုတာတွေအသာထား..
ငါ့မိဘအတွက်… မိသားစုအတွက်…
ငါ့ချစ်သူအတွက်… ငါ့ကိုယ်ငါအတွက်..
ငါဘာမှမလုပ်ရသေးဘူး…
မွေးကတည်းက ကိုယ်လုပ်ချင်ရာကိုယ်လုပ်…
ဟိုလူ့ကိစ္စ၀င်ရှုပ် ဒီလူ့ကိစ္စ၀င်ရှုပ်နဲ့
အကူအညီတောင်းတိုင်း ၀င်လုပ်ပေးခဲ့တာ
ပရဟိတဆိုတာများလား…
တကယ်တမ်းတော့ အဲ့ဒီ အလုပ်တွေဆိုတာသူတို့ကောင်းကျိုး… သူတို့ကိုယ်ကျိုးအတွက်..
ငါ့ပညာကို ဂုံးဆင်းသွားကြတာ…
အခုမှ ငါဘာလို့သိသလဲ…
အများအတွက် ကိုယ့်ကိုကိုယ်ဆုံးရှုံးခံသွားကြတဲ့ သူငယ်ချင်းတွေ
ငါ့ဘေးမှာ မရှိကြတော့ဘူး…သူတို့နေရာမှာ အစားထိုးဖို့ အရန်လူမရှိဘူး…
ဘေးထိုင်ဘုပြော ဝေဘန်ရေးနှောနေတဲ့ စကားသံတွေနဲ့
ဒီလိုလူတွေ ငါလိုလူတွေ များကြားမှာ… အနစ်နာခံနေတဲ့သူငယ်ချင်းတွေအတွက်
အရန်လူလေးတစ်ယောက်တော့ ဖြစ်ချင်လိုက်တာ…
မိသားစုအရေး… အိမ်ထောင့်အရေးတွေနဲ့… သမိုင်းပေးတာဝန်တွေကို ကျော်ခွ..
စည်းစိမ်ချမ်းသာတွေနဲ့ ယစ်မူး… တစ်နှစ်ပီးတစ်နှစ်သာ ကူးသွားတယ်…အသက်ဘယ်လောက်ကြီးကြီး.. ငါ့ကိုယ်တိုင်က အချိန်မစီးတဲ့ လူ….
သူရိန်
(စက်တင်ဘာ ၁၃ ရက် .. မွေးနေ့အမှတ်တရ)