မင်းကွန်းဘက်က နတ်ရေထွက်တောရကျောင်းဝန်းကျင်မှာ စိမ်းရောင်စို အဖွဲ့နဲ့ သစ်ပင်သွားစိုက်ကြတုန်းက လမ်းမှာ ရိုက်လာတာပါ… ၂၀၁၀ ထဲမှာ ပထမဆုံးရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ် … ဒီအတွက် စိမ်းရောင်စို အဖွဲ့သားတွေကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ…
Archive for the ‘Uncategorized’ Category
တစ်နှစ်ကြီးသွားပြန်ပီကော… တိုင်းပြည်နဲ့ လူမျိုးဆိုတာတွေအသာထား.. ငါ့မိဘအတွက်… မိသားစုအတွက်… ငါ့ချစ်သူအတွက်… ငါ့ကိုယ်ငါအတွက်.. ငါဘာမှမလုပ်ရသေးဘူး… မွေးကတည်းက ကိုယ်လုပ်ချင်ရာကိုယ်လုပ်… ဟိုလူ့ကိစ္စ၀င်ရှုပ် ဒီလူ့ကိစ္စ၀င်ရှုပ်နဲ့ အကူအညီတောင်းတိုင်း ၀င်လုပ်ပေးခဲ့တာ ပရဟိတဆိုတာများလား… တကယ်တမ်းတော့ အဲ့ဒီ အလုပ်တွေဆိုတာသူတို့ကောင်းကျိုး… သူတို့ကိုယ်ကျိုးအတွက်.. ငါ့ပညာကို ဂုံးဆင်းသွားကြတာ… အခုမှ ငါဘာလို့သိသလဲ… အများအတွက် ကိုယ့်ကိုကိုယ်ဆုံးရှုံးခံသွားကြတဲ့ သူငယ်ချင်းတွေ ငါ့ဘေးမှာ မရှိကြတော့ဘူး…သူတို့နေရာမှာ အစားထိုးဖို့ အရန်လူမရှိဘူး… ဘေးထိုင်ဘုပြော ဝေဘန်ရေးနှောနေတဲ့ စကားသံတွေနဲ့ ဒီလိုလူတွေ ငါလိုလူတွေ များကြားမှာ… အနစ်နာခံနေတဲ့သူငယ်ချင်းတွေအတွက် အရန်လူလေးတစ်ယောက်တော့ ဖြစ်ချင်လိုက်တာ… မိသားစုအရေး… အိမ်ထောင့်အရေးတွေနဲ့… သမိုင်းပေးတာဝန်တွေကို ကျော်ခွ.. စည်းစိမ်ချမ်းသာတွေနဲ့ ယစ်မူး… တစ်နှစ်ပီးတစ်နှစ်သာ ကူးသွားတယ်…အသက်ဘယ်လောက်ကြီးကြီး.. ငါ့ကိုယ်တိုင်က အချိန်မစီးတဲ့ လူ…. သူရိန် (စက်တင်ဘာ ၁၃ ရက် .. [...]
လက်ဘက်ရောင်းတဲ့ အရီးတောင်း အခု ပေါက်စီရောင်းတော့မလို့… ရွှေဘိုသနပ်ခါးကပဲ ကောင်းလို့လားမသိ မန်တလာသူတွေ အသားဖြူလာတယ်… မန်းတလေးသားတွေ စကားဝဲလာတာ သိသာလွန်းတဲ့ တိုးတက်မှုလား…? မနက်လင်းရင် မုန့်တီကိုမေ့ အီကြာကွေးစား စက်ဘီးမစီး နာဂစ်ဘီးစီးတယ်… လေပုပ်ထုပ်ဆေးသည် မရှိတော့တဲ့ ငါတို့မြို့….
ခံမငြင်းနဲ့… ငါငယ်ငယ်က သမိုင်းသင်ဘူးတယ်… ခံစားချက်မဲ့… ငါတို့အတွက် ပန်းတွေမပွင့်နိုင်တော့ဘူး… ခံယူချက်ကင်း… ငါ့ရဲ့ရှေ့မှာ ငါပဲရှိတယ်… တကယ်တမ်းတော့ မင်းလဲမရှိဘူး… ခံယူချက်ကင်း… ခံစားချက်မဲ့…. ခံဘက်သက်သက်ဖြစ်လာဖို့အတွက် ရက်လကုန်အောင်ထိုင်စောင့် ငါတို့အားလုံး ခံဘက်ဆိုတာ မင်းတို့ကောင်တွေ ခံမငြင်းနဲ့ …။
မန်းလေးအနှစ်(၁၅၀)ပြည့် ဖွင့်ပွဲအခမ်းအနားကို မစခင်ကတည်းက ကျွန်တော် တော်တော် စိတ်ဝင်စားခဲ့တယ်… ထွက်တော်မူကြီး.. ဘာညာပေါ့နော… မနက်ဖန်ဖွင့်ပွဲရောက်တော့မယ်… မင်းတုန်းမင်းကြေးရုပ်က ကော်ပတ်တိုက်လို့မပီးသေးဘူး… ဖွင့်ပွဲနေ့မှာတော့ မနက် ၆ နာရီလောက်ကတည်းက နေရာယူပီး စောင့်နေတယ်… ထွက်တော်မူကြီးကို ထွက်တော်မူလေးဖြစ်အောင်လုပ်ပီး အစဉ်အလာကြီးပါတယ်ဆိုတဲ့ ယဉ်ကျေးမှုမြို့တော်ရဲ့ မင်းခမ်းမင်းနားကို ကျွန်တော်တွေ့လိုက်သောအခါ … .